ကရသူရိ ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူပြင်းသော ရာသီကိုရောက်ရှိလာပြီဖြစ်၍ မီးလောင်လွယ်ကူသည့် စက်သုံးဆီများအား စနစ်တကျ ရောင်းချမှု ရှိ/ မရှိ၊ မီးသတ်ဆေးဘူး၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးဘေးဆိုင်ရာ လုံခြုံရေးများအား စစ်ဆေးကာ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးများပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာများလိုက်ပါ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)