အိမ်မဲမြို့နယ်တွင်  ကြက်ဥများနှင့်ဟင်းသီးဟင်းရွက်များကို စျေးလျှော့ချ၍ အခွန်လွတ်စျေးတွင်  ရောင်းချပေး

အိမ်မဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများစားသောက်ကုန်များဝယ်ယူရာ၌ အဆင်ပြေစေရေးအတွက် ကြက်ဥများ​နှင့် ဟင်းသီးဟင်းရွက်များကို စျေးလျော့ချ၍ ယနေ့နံနက်ပိုင်းတွင် အခွန်လွတ်စျေး၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှပူးပေါင်း၍ အခွန်လွတ်စျေးတွင် ကြက်ဥ(၁)လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် အလုံး (၆၀၀)နှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ အနီးပတ်ဝန်းကျင်ရပ်ကွက်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်းသိရသည်။

အဆိုပါရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင် ရာများပူးပေါင်း၍ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ်