ပေါင်းတည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ရောက်ရှိလာသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မိဘမဲ့စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်မှ သီလရှင်လေးများအား မြို့ခံပြည်သူများ ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပရဟိတကျောင်းတိုက်ကို အငြိမ်းစားကျောင်းဆရာမကြီးက ထူထောင်ထားခြင်းဖြစ်ပြီး မိဘမဲ့မိန်းခလေးများသည် သီလရှင်များအဖြစ် ဘဝကို တရားဘာဝနာများဖြင့် အေးချမ်းစွာ နေထိုင်ကျင့်ကြံအားထုတ်လျက်ရှိကြောင်းသိရသည်။
ထိုသီလရှင် (၂၃) ပါးသည် ပေါင်းတည်မြို့နယ်သို့ အပတ်စဉ် အင်္ဂါနေ့တိုင်း ကြွချီလာကြပြီး မြို့ခံပြည်သူလူထုက သဒ္ဒါထက်သန်စွာဖြင့် အလှူဒါနပြုကြကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက် )