ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ  ၃ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင်  စာဖတ်စွမ်းရည်ပြိုင်ပွဲကို  ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) Grade-6 မှ  ကျောင်းသူ(၁၇)ဦးတို့က တေဇရုပ်စုံအတွဲ (၃၆)၊  အမှတ် ( ၃၊ ၄) တို့တွင်ပါရှိသော “ဝါသနာကောင်းကို  ပျိုးထောင်နိုင်ကြပါစေ”နှင့် “ကတိစကားကိုအသက်နှင့်ရင်းကာ တန်ဖိုးထားသူ”ခေါင်းစဉ်ပါ အကြောင်းအရာတို့ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ဂုဏ်ပြုလက်ဆောင်နှင့် ပြိုင်ပွဲဝင်များအား အာဟာရမုန့်များဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)