လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို  ဒီဇင်ဘာ  ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အမျိုးသမီးများနေ့အကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသော ဥပဒေပုဒ်မများအကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများအကြောင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဟောပြောခဲ့သည်။

ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်