မုံရွာမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် /၂၀၂ ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးအတွက် ဘက်ပေါင်းစုံမှပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်လာကြမယ့် လူငယ်လူရွယ်များအား အသိပညာ၊  အတတ်ပညာများတိုးပွားရရှိအောင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်မောင်မယ်များအနေဖြင့် လူငယ်ဘဝကတည်းမှ သင်ယူသင့်၊ သင်ယူထိုက်သည်များအား သင်ယူတက်မြောက်ထားကြမှသာလျှင် အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့် လူငယ်များဖြစ်လာမှသာလျှင် မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ မိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာကြမှာဖြစ်ပါကြောင်း၊ ဒေသတွင်းလူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အထောက်အကူပြုစေမည့် ကွန်ပျူတာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့်လည်း ကြိုးစားသင်ယူကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်စောလင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများက သင်တန်း ဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက သင်တန်းနည်းပြအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် /၂၀၂ သင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေးကသာ၊ ကန့်ဘလူမြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန Community Center များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး သင်တန်းကာလ ၁ လအကြာ စာတွေ့၊ လက်တွေ့အခမဲ့ သင်ကြားပို့ချပေးခဲ့ရာမုံရွာခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်တွင် (၃)ကြိမ်နှင့် ၂၀၂၄ ခုနှစ်တွင် (၆)ကြိမ်  စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၈၀ ဦးအား သင်ကြားတတ်မြောက်အောင် မွေးထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)