ပလောက် ဒီဇင်ဘာ ၂
တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးဌာနသည် အ.ထ.က (ပလောက်)ကျောင်း၊ မူလွန်(ပလောက်)ကျောင်းသို့ ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ကာကွယ် ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့ဆရာဝန်ကြီး ဒေါက်တာ ရဲမြင့်ဟိန်း ဦးဆောင်၍ သားဖွားဆရာမ ဒေါ်အိအိလွင်နှင့် ဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HVP)အားလည်းကောင်း၊ အသက်(၇)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့မေးခိုင် ကာကွယ်ဆေး (DT) အားလည်းကောင်း ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့အတွင်း ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/သူများကိုလည်း အလှည့်ကျ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)