ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မျိုးဆက် သစ်လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ စာပေဗဟုသုတများ တိုးပွားလာစေရန် အတွက် စာအုပ်များငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး Grade-3 နှင့် Grade-4 ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း(၂)ခန်းနှုန်းဖြင့် နှစ်ပတ်လျှင်(၁)ကြိမ် စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင် ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဦးစီးမှူး၊ ဒေါ်ကေခိုင်ဝင်းမှ ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)