လိပ်သို ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ငရုပ်သီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ဆောင်းရာသီကာလတွင် အပိုဝင်ငွေရရှိစေရန်အတွက် ငရုပ်ပင်များကို စိုက်ပျိုးထားကြကြောင်း၊ ငရုပ်ပင်များကို သဘာ၀မြေဩဇာများဖြင့်သာ စိုက်ပျိုးထားကြပြီး မိုးမျှော်သီး၊ ကလော်အော်သီးနှင့် ရှရှားသီးစသည့် ငရုပ်မျိုးများကို စိုက်ပျိုးကြကြောင်း ငရုပ်စိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သိရသည်။
ငရုပ်သီးများကို လိပ်သိုမြို့နှင့် အခြားမြို့များသို့ နှစ်စဉ်ပို့ဆောင်ရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းရာသီကာလ၌ ငရုပ်သီးစိမ်းတစ်ပိဿာလျှင် (၁၈၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေသဖြင့် ငရုပ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်