ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွား စေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသနေပြည်သူများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသု တတိုးပွားစေရန်အတွက် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန်နှင့် စာပေများကို ဖတ်ရှုလေ့လာမှတ်သားသည့် အလေ့အကျင့်ရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နယ်လှည့်စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူ အများဆုံးနှစ်သက်သည့်  သုတအလင်းမဂ္ဂဇင်း၊ သုတစွယ်စုံနှင့် ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း၊ နယ်လှည့်စာကြည့်တိုက်ကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)