နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၆)လမှ (၂)နှစ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

နတ်မောက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၆) လမှ (၂) နှစ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို-ကြက်ညာ-မေးခိုင်-အသဲရောင် အသားဝါ(ဘီ)-ဦးနှောက် အမြေးရောင်(ငါးမျိုးစပ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကလေးများအား ကိုယ်အလေးချိန်တိုင်းတာပေး၍ လိုအပ်သောကျန်းမာရေး အသိပညာပေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိကလေးများအပါအဝင် နီးစပ်ရာကျေးရွာများမှလည် ကလေးများ လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

လှဝင်း