သရက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မီးသတ်ဦးစီးဌာနသရက်ခရိုင် မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်သည့် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ယနေ့ နံနက်(၈)နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင်ကျင်းပခဲ့ရာ ခရိုင်အတွင်းရှိ သင်တန်းသား(၁၈)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်မှာစကားပြောကြားရာတွင် သင်တန်းမှာ အဆင့်မြင့်မီးငြိမ်းသတ်ရေးဆိုင်ရာ သင်ခန်းစာများ၊ အန္တရာယ်ရှိ ဓာတုဗေဒအကြောင်းနှင့် နိုင်ငံတဝန်းလုံးမှာ တိုးမြှင့်တည်ဆောက်လာတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ အထက်မြင့် အဆောက်အဦးတွေကို မီးဘေးလုံခြုံရေးနဲ့ အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ရှုထောင့်တွေကနေ အဆောက်အအုံများရဲ့ Structural Design နဲ့ ကိုက်ညီတဲ့ ထည့်သွင်း တပ်ဆင်တည်ဆောက်ရမယ့် ခေတ်မှီ Fire Protectin System များအကြောင်းကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် မီးဘေးလုံခြုံရေး အထူးအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း မီးသတ်ဦးစီးအရာရှိမှ သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား(၁၈)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)