ရွှေဘို ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံစာဆိုတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာချိန်က ကျင်းပရာ စာရေးဆရာဆရာမကြီးများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ အောင်ဘုန်းညိုက မြန်မာစာဆိုတော်နေ့သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဂုဏ်ပြုစကားပြောကြားခြင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က မုဒိတာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး၊ စာရေး ဆရာ/ဆရာမကြီးများက စာဆိုတော်နေ့ ဂုဏ်ပြုကဗျာများ ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် မြိုနယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ဘုန်းညိုက "စာပေတန်ဖိုး" ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး၊ ဆရာမ ယဥ်မင်းဟန်(ရွှေဘို)က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းရာ ဦးစီးအရာရှိက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)