ငပုတော ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကမ်းနားလမ်းရှိ အခွန်လွတ်ဈေးကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ရောင်းချပေးခဲ့သည်။
အဆိုပါ စျေးတွင် အသားငါးမျိုးစုံနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များအား ငပုတောမြို့အနီးပတ်ဝန်းကျင်ရှိ ဖောက်သည်ပေးရောင်းချသည့်ဆိုင်များ၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထုတ်လုပ်သူများမှ လာရောက်ရောင်းချခဲ့ကြပြီး အများပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ် နံနက်(၄)နာရီခွဲ အချိန်မှစတင်ကာ မည်သူမဆိုလွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
အောင်သူ (ပြန်/ဆက်)