မြန်အောင် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ထန်းသုံးပင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ အုပ်စုနှင့်အင်ပင်မြို့တို့၌ ယမန်နေ့က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၂၈၄၀)တို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထန်းသုံးပင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စုနှင့် အင်ပင်မြို့ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စုဝင်များကို စားအုန်းဆီ တစ်ပိဿာ (၈၅၀၀) ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သား ရောင်းချပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်ပြည့်ပိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)