ကန်ကြီးထောင့် ဒီဇင်ဘာ ၁
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင် ဘာအားကစားလ (ပထမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၃၀) နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ကျော်ခန့် ပါဝင်ဆင်နွဲခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲစုရပ်ဖြစ်သည့် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှ စတင်၍ မြို့လယ်လမ်းအတိုင်း မြို့မဘောလုံးကွင်း အထိစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ တာဝန်ရှိသူများမှ ဦးဆောင်၍ ကိုယ်လက်လှုပ်ရှားအားကစားကာယလေ့ကျင့်ခန်းများ၊ Fitness Dance များကို ပျော်ရွှင်စွာ စုပေါင်းပြုလုပ်ခဲ့ကြသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)