ဝါးခယ်မမြို့နယ်၌ နေကြာစိုက်ပျိုး‌နေမှုအား ကွင်းဆင်းကြည့်ရှု

ဝါးခယ်မ ဒီဇင်ဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်း‌ကျေးရွာနှင့် ကြခတ်ကုန်းကျေးရွာတို့တွင် ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၀၁၅၊ ဦးပိုင်အမှတ် - ၃၁/၁၊ တောင်သူ ဦးတင်ဝင်း၏ လယ်မြေ(၁)ဧကခွဲနှင့် ကွင်းအမှတ်- ၁၀၁၅၊ ဦးပိုင်အမှတ် - ၃၁/၂၊ တောင်သူ ဦးမြလှိုင်၏ လယ်မြေ(၃)ဧကခွဲ၊ စုစုပေါင်း လယ်မြေ(၅) ဧကတို့တွင် နေကြာစိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြှင့်မား‌ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)