ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကလေး ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့သည်။ 

အဆိုပါ စာဖတ်ဝိုင်းနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းနွေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ စာပေ၏အရေးပါပုံများကို ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးမျိုးထွန်းက ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ပါ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်တာဝန်သိမှု စသည့်ခေါင်းစဉ်များ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိပညာဗဟုသုတများပိုမိုရရှိစေရန် အသိပညာပေး စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ ဌာဆိုင်ရာမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ(Talk Show)များကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)