ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အတွင်း‌ရေးမှူးနှင့်သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးပွဲ ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၌ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်း‌ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ ယနေ့ ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆီထွက်သီးနှံဆောင်းနေကြာ (၁.၃၀)ဧကတွင် ပူးပေါင်းစိုက်ပျိုးခဲ့ကြသည်။

ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်း‌ရေးမှူး ဒေါ်‌အေးအေးမူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမြင့်လွင်နှင့်အဖွဲ့ဝင်များနှင့် တောင်သူတို့က ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ ကွင်းအမှတ်(၅၃၄)၊ ဦးပိုင်(၇၇/၄)၊ တောင်သူ ဒေါ်အေးသိန်း၏ လယ်မြေ(၁.၃၀)ဧကတွင် ဒုတိယသီးနှံအဖြစ် ဆီထွက်သီးနှံ Supersun(41) နေကြာမျိုးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)