ကမမောင်း ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်အား ယမန်နေ့ညက ကမမောင်းမြို့၊ အုန်းတောဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အုန်းတောဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသီရိဓမ္မမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းမျိုးညွှန့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကမမောင်းမြို့မှ ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားများက ရှမ်းရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ည(၁၂)နာရီအချိန်တိတိတွင် ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားများက ရှမ်းနှစ်သစ်ကူးပွဲတော်အား ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။
ကမမောင်း(ပြန်/ဆက်)