မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၃၀

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်()သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့က မကွေးမြို့၊ စုပေါင်းရုံးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချခဲ့သည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်းတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်သင်ဆရာ၊ ဆရာမများက လမ်းညွှန်ချက်နှင့်အညီ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများကို ပညာသင်နှစ် တစ်နှစ်လျှင် (၂၄)ချိန် ဥပဒေအသိပညာအား သင်ကြားပေးရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်း၊ ဥပဒေသည် လူတို့၏အခွင့်အရေးများ၊ တာဝန်များနှင့် ကျင့်ဝတ်များကို သတ်မှတ်ပေးပါကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားနည်းပညာများကိုတတ်ကျွမ်းပြီး သူများဖြစ်ကြသဖြင့် သင်တန်းမှရရှိမည့် ဥပဒေ၏ အခြေခံသဘောတရားများကို သင့်လျော်သည့် သင်ကြားနည်းစနစ်အသုံးပြုကာ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာဘာသာရပ်ကို ထိရောက်စွာပြန်လည်ပို့ချပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၆၅)ဦးအား တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ်()ခုကို နိုဝင်ဘာလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး စုစုပေါင်း သင်တန်း(၆)ကြိမ်ဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ကာ ယခုသင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)