မြို့သစ် နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများအား ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ဆက်လက်၍ မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအနီး အောက်ဆီဂျင်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်ထားမှုများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)