အောင်လံ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာဦးတိုးမြိုင်၏ မြန်မာ့သမိုင်းပုံပြင်များစာအုပ်အား ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မမေမိုးသာ (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ငသံလျင်၊ ပုဂံညှပ်ကြီး၊ ဆင်းရဲသားမင်း၊ ငမိုးရိမ်၊ ရေသဘင်၊ မင်းဆရာ၊ သူ့ကျေးဇူး၊ စွဲလမ်းသူ စသည့် အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မောင်ဇင်မင်းထွန်းက (Book Club) အဖွဲ့ဝင်က သားမိုက်၊ ဇွင်ကာကူ၊ ရဲခေါင်ကျော်ထင်၊ သမိန်ဘရမ်း၊ မြစေတီ၊ မင်းလောင်းစသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)