ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံ ကြက်သွန်၊ ဟင်းသီးဟင်းရွက်နှင့် ငရုပ်သီးနှံများ စတင်စိုက်ပျိုး

ရေနံချောင်း နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကိုင်းမြေနှင့် ချောင်းမြေနုများတွင် ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ ငရုပ်တို့ကို တောင်သူများ အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးနည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရန် သဘာဝပိုးသတ်ဆေးပြုလုပ်နည်းများ၊ စိုက်ပျိုးရေးသွင်းအားစုများ အချိုးအစားမှန်ကန်စွာ အသုံးပြုနည်းများ၊ ထွက်ရှိလာသည့် သီးနှံများ အရည်အသွေးပြည့်မီရေး နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံများတွင် ကြက်သွန် ၃၂၃၈ ဧက၊ ဟင်းသီးဟင်းရွက် ၂၀၁ ဧက၊ ငရုပ် ၉၁၃ ဧကကို လျာထားပြီးစိုက်ပျိုးလျက်ရှိကာ ယမန်နေ့အထိ ကြက်သွန် ၁၀၈ ဧက၊ ဟင်းသီးဟင်းရွက် ၁၁၃ ဧက ငရုတ် ၈၀၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ရေနံချောင်း‌မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

မြို့နယ်ပြန်/ဆက်