နတ်မောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ ဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစရေန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က လူငယ်လမ်းညွန်စာအုပ်မှ “ဘဝကိုဆေးရောင်လှလှ ခြယ်သကြပါစို့” ခေါင်းစဉ်အား ဆွေးနွေးရာတွင် ဘဝရဲ့အခက်အခဲ လောကဓံတွေကြားမှာ နေထိုင်ရှင်သန်ရင်း လူ့ဘဝဆိုတဲ့အဖြူထည်ပန်းချီကားကို ကိုယ့်အတွေး၊ ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်အတိုင်း ရေးခြယ်ကြတာဖြစ်ပါကြောင်း၊ မတူညီခြင်းတွေများစွာထဲက နားလည်မှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ ယှဉ်တွဲနေထိုင်ကြရမှာဖြစ်ပြီး ကိုယ်တိုင်ခြယ်သလိုက်သော ဆေးရောင်သည်လှသည်ပဲဖြစ်ဖြစ်၊ မလှသည်ဘဲဖြစ်ဖြစ် ထွက်ပေါ်လာမယ့်အရုပ်လေးဟာ ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်ပဲဖြစ်ပါကြောင်း ဆွေးနွေပြောကြားသည်။ အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် မြို့နယ်ပြန်/ဆက်မှ ဦးစီအရာရှိနင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
မူမူစန်း