သံတောင်ကြီး နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါ့များပြီး ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်းများဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သဘာဝကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဈေးကောင်းရရှိပြီး ပြည်တွင်းတွင်သာမက ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည်။
အဆိုပါ သဘာဝကော်ဖီများသည် ယခုလအချိန်တွင် အသီးများစတင်ရင့်မှည့်လာပြီ ဖြစ်သောကြောင့် ဒေသခံပြည်သူများမှာ သွားရောက်ခူးယူကြပြီး နေပူဖြင့် အခြောက်လှမ်းလျက်ရှိသည်။ ရင့်မှည့်သောကော်ဖီအစိုတစ်ပုံးကို ပြန်လှည်အခြောက်လှမ်းရာတွင် ကော်ဖီအခြောက် ၂ပိဿာ ရလျက်ရှိသည်။ တစ်ဖန်ကော်ဖီအခြောက်များကို သစ်သားငရုတ်ဆုံဖြင့်လည်းကောင်း၊ ကော်ဖီကြိတ်စက်များဖြင့် ပြန်လည်ကြိတ်ရာတွင် မွေးကြိုင်လျက်ရှိသော သဘာဝကော်ဖီမှုန့်များကို ပြန်လည်ရလျက်ရှိသည်။
ယခုအခါကော်ဖီစေ့အခြောက်၁ပိဿာကို ကျပ်(၄၀၀၀၀) ရရှိပြီး ကော်ဖီမှုန့်၁ပိဿာကို ကျပ် (၇၀၀၀၀)ထိ ရရှိလျက်ရှိပြီး ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း သိရသည်။
နော်နော်မူ