တောင်တွင်းကြီးမြို့ သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးခင်မောင်လွင်က တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ဝါနှင့်နေကြာကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် အထွက်နှုန်းတိုးစေရေး၊ သဘာဝရွက်စိမ်းမြေဩဇာ ထုတ်လုပ်အသုံးပြုဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ အခြေခံအသင်းကိုယ်စားလှယ် (၂၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

နောင်နောင်(ဗိဿနိုးမြေ)