ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ

ဒေးဒရဲ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကစတင်၍ လူစည်ကားရာနေရာများ၌ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်းများအား ပြည်သူများလက်ဝယ်အရောက် စျေးနှုန်းသက်သာစွာ ရောင်းချမှုအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်နှုန်းဖြင့် အလုံးရေ (၆၀၀) လုံး နှင့်ဘဲဥတစ်လုံးလျှင် (၅၀ဝ) ကျပ်နှုန်းဖြင့် အလုံးရေ (၄၀၀) လုံးတို့အား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်းများကို စျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆန်၊ ဆီ၊အသား၊ ငါးနှင့် ပုစွန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း