ကြံခင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုအစမ်းလေ့ကျင့်မှုနှင့် ပြခန်းများပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ကြံခင်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အကြိုအစမ်းလေ့ကျင့်မှုနှင့် ပြခန်းများပြင်ဆင်ထားရှိမှုအား ယမန်နေ့မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များမှ ဖျော်ဖြေရေးအစီအစဉ်များ၊ မုဒ်ဦးဆောင်ရွက်နေမှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လှပသာယာပြည်မြန်မာနှင့် ဖွံ့ဖြိုးဝေစည်ဧရာဝတီ ဓာတ်ပုံပြခန်းနှင့် ဌာနဆိုင်ရာ ပြခန်း (၇) ခန်းတို့ ပြင်ဆင်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကာယ၊ ဉာဏဆိုင်ရာ ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး (အလယ်တန်းဆင့်) ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲနှင့် ခါးလှည့်ကွင်း၊ ပင်ပေါင်းသီး လက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ စကားပုံဆက်နှင့်အရုပ်ဆက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခြေချလက်ချပြိုင်ပွဲ၊ ငှက်ပျောသီးကိုက်ပြိုင်ပွဲနှင့် ဂိုးငယ်ကစားနည်းပြိုင်ပွဲတို့အား နိုဝင်ဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)