မြန်အောင် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ မြို့မတဲကြီးကုန်းကျေးရွာအုပ်စုတို့၌ ယမန်နေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ (၃၁၉၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီ တစ်ပိဿာ (၇၇၅၀) ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀) ကျပ်သားရောင်းချပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)