သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သဲကုန်း နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့- မေးခိုင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် (အ.မ.က) ညောင်ကုန်းနှင့် (အ.မ.က) တည်သီးပြင်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံရာတွင် အဆိုပါကျောင်းများရှိ အသက် ၅ နှစ်မှ ၇ နှစ်အရွယ် ကလေးငယ်များအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် အသက် ၉ နှစ်မှ ၁၀ နှစ် ကျောင်းနေအရွယ်  မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံပေးသွားမည်ဖြစ်ရာ အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို နိုဝင်ဘာလ (၂၆)ရက်နေ့မှစတင်၍ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိ​ပြီး၊ မြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများတွင် ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/ကျောင်းသူ(၁၇၀)ဦးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံရန် ကျောင်းသူ (၆၉၂)ဦး ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)