ကံမမြို့နယ်၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကျေးရွာအရောက် အခမဲ့ကွင်းဆင်းကုသပေး

ကံမ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လက်လမ်းမှီစေရန်နှင့် လူနာများ စိုက်ထုတ်ရသော ကုန်ကျမှုလျော့ကျစေရေးအတွက် သရက်ခရိုင်၊ ကံမမြို့နယ်၌  ရေနံ့သာတိုက်နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်နှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက အခမဲ့ကွင်းဆင်းကုသခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကျောက်စောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊   ECG  စစ်ဆေးခြင်း၊ အမြင်အာရုံများ စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့် ကုသမှုများအား ဆရာဝန်ကြီး ဒေါက်တာငြိမ်းငြိမ်းအိနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)