နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် KG ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသာ/သူ လူငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန် စာဖတ်စွမ်းရည်တိုးတက်စေရေး၊ နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် KG ကျောင်းသား/သူများက မိမိကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မူမူစန်း