မင်းဘူးမြို့၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင်သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာပြီး မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က သဘာဝဘေးန္တရာယ်လျှော့ချရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိညာပေးဟောပြောပွဲတွင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် မီးခိုးမြူငွေ့၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ အမှုန်အမွှားများ (PM 2.5 နှင့် PM 10)အကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်စေသော ဆိုးကျိုးများ၊ လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်စဉ်နှင့် ဆိုးကျိုးများအား ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် လျှော့ချရေးအစီအစဉ်များ၊ မိုးလေဝသနှင့် ရာသီဥတု၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ကာကွယ်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ၏ နှစ်အလိုက် သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သစ်တောများ၏ အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေးကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ သစ်တောသစ်ပင်နှင့် ဆက်စပ်နေသည့် အကျိုးသက်ရောက်မှုများ၊ သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များကို အသိပညာပေးဟောခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)