မြို့သစ်မြို့ မြို့မဈေးကြီးအတွင်း အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မြို့သစ် နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ် စည်ပင်သာယာစျေးကြီးရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်ရောင်းချလျက်ရှိသော အသား (အမဲ၊ ဝက်၊ ဆိတ်) စျေးနှုန်းများအား ဗီနိုင်းဆိုင်းဘုတ်များဖြင့် လျှော့ချသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အဖွဲ့ဝန်ထမ်းများက နေ့စဉ် အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီးမြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အသားများ၏ ဈေးနှုန်းများကို အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းအပြင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက် (We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်း၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန်စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထု စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိထံမှ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)