မအူပင်၊ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ တော်တလုပ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာကြည့်တိုက်များရှင်သန်ခိုင်မာစေရေး အသိပညာပေးဟောပြော ဆွေးနွေးသည်။ ၎င်းနောက် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျေးရွာနေပြည်သူများမှ စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တော်တလုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)