ပဲခူး နိုဝင်ဘာ ၂၇
ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးခဲ့ကြသည်။
KG တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ (၁.၉. ၂၀၁၄)ရက်မှ (၃၁.၈.၂၀၁၅) ရက်နေ့အတွင်း မွေးဖွားသူ မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)