သဲကုန်းမြို့နယ်၌ အသား၊ ငါးစျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

သဲကုန်း နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့မစျေးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်းအဖွဲ့များ လိုက်ပါ၍ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် အမဲသား၊ ဆိတ်သား၊ ဝက်သား ဆိုင်များအနေဖြင့် အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ ငါး၊ ကြက်ဥ၊ ဘဲဥများ ရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိနှင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများမပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)