မြို့နယ်အတွင်း အမှိုက်ကင်းစင်သန့်ရှင်းရေး ပလပ်စတစ် campaign ဆောင်ရွက်

ညောင်တုန်း နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် ပလပ်စတစ် campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အမြန်လမ်းများ၏ လမ်းဘေးဝဲယာတွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း အမှိုက်ကင်းစင်သန့်ရှင်းရေး ပလပ်စတစ် campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မြန်လမ်းဘေးရှိကျေးရွာအုပ်စုများမှ ပြည်သူများက ကားလမ်း၏ လမ်းဘေးဝဲယာရှိ ပလပ်စတစ် စွန့်ပစ်အမှိုက်များစု‌ပေါင်းရှင်းလင်းခြင်းနှင့် အမြန်လမ်းတစ်လျှောက်အမှိုက်မပစ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)