ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌ဖြစ်ပွား

ညောင်တုန်း နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်း‌ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား (၃၀၀) ပေ၊ အနံ(၁၀၀)ပေခန့်ပြိုကြမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ်(၅)လုံးမျောပါသွားခဲ့ပြီး အိမ်ထောင်စု (၅) စုအား မြစ်ကမ်းပါးနှင့်ကင်းလွတ်ရာ ဆွေမျိုးများထံသို့ ခေတ္တပြောင်းရွှေ့ခြင်းနှင့် စားသောက်ရေးကိစ္စရပ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရသေဆုံးမှုမရှိကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)