ကျောက်တံခါးမြို့နယ်တွင် စွန့်ပစ်အမှိုက်နှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ကျောက်တံခါး နိုဝင်ဘာ ၂၇

ပဲခူတိင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကျောက်တံခါးမြို့မ စည်ပင်သာယာစျေးတွင် ဆောင်ရွက်ခဲ့သည်၊

အဆိုပါ စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်တွင် အဓိကစွန့်ပစ်အမှိုက်အမျိုးအစားများ၊ ကြွပ်ကြွပ်အိတ်၊ အမှိုက်နှင့် ကြွပ်ကြွပ်အိတ်စွန့်ပစ်ခြင်းကြောင့် ကမ္ဘာ့အပေါ် အကျိုးသက်ရောက်မှုများ၊ ကြွပ်ကြွပ်အိတ် အသုံးပြုမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း (၅) သွယ် စသည့်အကြောင်းအရာများပါဝင်သည်၊

အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)