လပွတ္တာမြို့နယ် အ.ထ.က (၃) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

လပွတ္တာ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်းများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မျိုးဆက်သစ်လူငယ်များ စာကြည့်တိုက်များကို ဝင်ထွက်သွားလာပြီး စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိ လာစေရန်၊ စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ် ဆောင်ရွက်ကာ Grade- 10 ကျောင်းသား မောင်စိုင်းစိုင်း‌နောင်က (လူငယ်နှင့် စာကြည့်တိုက်) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မကြယ်ဇင်ထွန်းက (လူငယ်နှင့် အင်တာနက်) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်ဇင်ပိုင်ခန့်က (လူငယ်နှင့်စည်းကမ်း) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 7 ကျောင်းသူ မခိုင်မိုးထွဋ်က (လူငယ်နှင့်ကိုယ့်ကျင့်တရား) ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြ​ကာ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ဌေးဝင်းက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့်နှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မူမူ