တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ

တမူး နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် (၁.၉.၂၀၁၄မှ ၃၁.၈.၂၀၁၅) ခုနှစ်အတွင်း မွေးဖွားခဲ့သည့် ကျောင်းသူ (၁၁၂) ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့်အသက် (၅) နှစ်မှ (၇) နှစ်ကြား ကျောင်းသား/ကျောင်းသူ (၃၄၃) ဦးတို့အား ဆုံဆို့၊မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား တမူးခရိုင်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး အလားတူ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ