ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်‌တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ် ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဝင်စာရေးဆရာ ဇေယျာပိုင်ရွှေ ကိုယ်တိုင်ရေးသားထုတ်ဝေထားသော “ဖေဖေပြောတဲ့ဘဘအကြိုက်” စာအုပ်အကြောင်း ရှင်း‌လင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)