ရေကြည် နိုဝင်ဘာ ၂၇
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရံ့ချောင်းကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှု့လေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် ကျပ်သိန်း(၁၅၀)၊ အလှူရှင်များကလှူဒါန်းသည့် ကျပ်သိန်း(၁၀၀)စုစုပေါင်း ကျပ်(၂၅၀)ဖြင့် ဆောက်လုပ်သည့် “သူရိယ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်အဆောက်အဦးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သင်္ဃန်းဒေါင့်ကျေးရွာအုပ်စု၊ သင်္ဃန်းဒေါင့်အောက်လမ်း ကျောက်ချောလမ်းခင်းရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သိန်း(၁၅၀)အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သူရိယစာကြည့်တိုက်အတွက်စာအုပ်စာစောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းအောင်ထံ လွှဲပြောင်းပေးခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)