လိပ်သို နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဂေါ်ရခါးပင်များကို အိမ်တိုင်းလိုလို၌ပင် စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ယခုအခါ ဂေါ်ရခါးသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိပ်သိုဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် နှစ်ခြိုက်စွာ စားသုံးသူ များပြားလျက်ရှိပြီး ကြော်ချက်စား၍လည်းကောင်း၊ ပြုတ်စား၍လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်းကောင်း စားသုံးကြသည်။
လိပ်သိုဒေသထွက် ဂေါ်ရခါးသီးများမှာ မြို့ပေါ်ရှိဈေးဆိုင်များတွင် လက်လီဈေး တစ်ပိဿာလျှင် ကျပ် (၂၀၀ဝိ/-) အထိဈေးရရှိနေကြောင်း၊ ဂေါ်ရခါးသီးများကို မိသားစု စားသုံးရန်အတွက်အပြင် အပိုဝင်ငွေရရှိရန် ဆွတ်ခူးရောင်းချလျက်ရှိပြီး လိပ်သိုမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ဂေါ်ရခါးပင်များမှာ ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း အမှတ် (၁) ရပ်ကွက်နေ ဂေါ်ရခါးသီး စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်