နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဈေးတာဝန်တို့မှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏  မြို့မဈေးကြီးအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ အများသုံးသန့်စင်ခန်းတွင် အနံ့ဆိုးများမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ဈေးအတွင်း၌ ဈေးရောင်းဈေးဝယ် မိဘပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် ဆိုင်ခန်းနေရာများတွင် ခင်းကျင်းထားရှိမှုအခြေအနေ၊ အမှိုက်စွန့်ပစ်မှုအခြေအနေများနှင့် အမဲ၊ ဝက်၊ ဆိတ်စားသုံးသူ မိဘပြည်သူများအတွက် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း မရှိ/မရှိ  အခြေအနေများကို စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဈေးတာဝန်ခံနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မူမူစန်း