နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

နတ်မောက် နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ)က ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးများအားကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ ကလေးများကိုအန္တရာယ်ရှိစေနိုင်သည့်အလုပ်၊ ပြင်းထန်ပြီးထိခိုက်ဒဏ်ရာရစေသည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာလုပ်ရသော အလုပ်များကို ခိုင်းစေမှုမပြုရကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

လှဝင်း