မအူပင်မြို့၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

မအူပင် နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ကာကွယ်ဆေးထိုးနှံပေးမှုအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ် မကျော်သော ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်ကိုးနှစ်ပြည့်ပြီး အသက် ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။

မအူပင်မြို့တွင် ကျောင်းအခြေပြု (DT) ဆုံဆို့ - မေးခိုင်ကာကွယ် ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံရန် တစ်မြို့နယ်လုံးရှိ ကျောင်းများအားနိုဝင်ဘာ (၂၆) မှစတင်ပြီးသားအိမ်ခေါင်းကင်ဆာကာကွယ်‌ဆေး (HPV) (၂၄၁၁) ဦး၊ ဆုံဆို့မေးခိုင်ကာကွယ်‌ဆေး (DT) (၅၆၈၁) ဦးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)