ဓနုဖြူမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

ဓနုဖြူ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်သည်။

ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ် မကျော်သော ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) နှင့် အသက်ကိုးနှစ်ပြည့်ပြီး အသက် ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။

ဓနုဖြူမြို့နယ်တွင် ကျောင်းအခြေပြု (DT) ဆုံဆို့ - မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံရန် တစ်မြို့နယ်လုံးရှိ ကျောင်းများအားနိုဝင်ဘာ (၂၇) မှစတင်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်‌ဆေး (HPV) (၁၃၈၁) ဦး၊ ဆုံဆို့မေးခိုင်ကာကွယ်‌ဆေး (DT) (၃၇၁၀) ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)